လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဝက်ချီပါကျေးရွာအုပ်စု၊ရွာသာကျေးရွာတွင်(၂၀-၉-၂၀၁၉)ရက်နေ့(၁၄း၃၀)နာရီအချိန်၌လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ခဲ့သော အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ အမိုးလန်အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀၀၀၀/-)ကျပ်၊ လူဦးရေ (၅၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၁၅၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၂၅၅၀၀/-)ကျပ်တို့အား (၂၃-၉-၂၀၁၉) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Sourceး ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)