လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၃၀) နာရီအချိန်ထိ ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအုပ်စု၊ ငဲဆာလာတီကျေးရွာမှ ကျေးရွာသူ/သား (၆၀) ဦးခန့်နှင့် ကျေးရွာအုပ်စု အတွင်းရှိ အခြားသော ကျေးရွာများမှ ကိုယ်စားလှယ် (၂၅) ဦးခန့်၊စုစုပေါင်း (၈၅)ဦးခန့်တို့အား မိမိတို့ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ (ရေဘေး၊ မီးဘေး၊ လေပြင်းမုန်တိုင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#kcn_sep2019