လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ နယ်မြေ (၂) တွင် (၂၂-၉-၂၀၁၉) ရက်နေ့ (၀၂း၃၀) အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း ပြိုကျခဲ့မှုကြောင့် ၎င်းဘုန်းတော်ကြီးကျောင်းအနီးရှိ ပြိုကျပျက်စီးအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၂၇,၃၀၀/-) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား (၂၃-၉-၂၀၁၉) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၂)၊ မြင်းခြံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mdy_sep2019