Category Archives: News
-
လေဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ပင်လယ်သက်ကျေးရွာ၌ (၂၂-၉-၂၀၁၉) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၄-၉-၂၀၁၉) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #mgy_sep2019
-
ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့်လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ
နေပြည်တော်၊စက်တင်ဘာ၂၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသန်းထွဋ်ဆွေဦးဆောင်သည့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ပြည်ထဲရေးနှင့် လုံခြုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Kim Beom-seok နှင့်အဖွဲ့အား အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် ကိုရီးယားနိုင်ငံနှင့် မြန်မာနှစ်နိုင်ငံတို့တွင် ဆောင်ရွက်လျက်ရှိသည့် ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို အပြန်အလှန်ရှင်းလင်းဆွေးနွေးခြင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေ များနှင့်အဖွဲ့အစည်းများဖွဲ့စည်း၍ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေတို့ကို ဆွေးနွေးမေးမြန်းခြင်းနှင့် ဒေသတွင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ကိုရီးယားနိုင်ငံက ကူညီပံ့ပိုးမှုများဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ကျေးရွာအုပ်စု (၇) အုပ်စု ကျေးရွာ(၇)ရွာတို့၌ (၂၁-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် အမိုးလန်နေအိမ်(၁၇)လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၄၀,၀၀၀) ကျပ်တို့ရှိ လူဦးရေ (၆၄) ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၃၄,၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၇၄,၄၀၀) ကျပ် တို့ကို (၂၄-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_sep2019 … Read more
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉)ရက်နေ့ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ သျှစ်ကုန်းကျေးရွာတွင် ကမ်းပြိုဘေးသင့်အိမ်ခြေ (၈) လုံး၊ လူဦးရေ(၂၅)ဦး၊ ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းနှင့် ခြင်ဘို့အုပ်စု၊ သဲရိုးကျေးရွာတွင် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၂၅) စု၊ လူဦးရေ(၅၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၀၀၀၀၀/_)ကျပ် ဆန်ရိက္ခာဖိုး(၁၇၂၂၀၀/_)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၃၇၂၂၀၀/_)ကျပ်ကို (၂၄-၉-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ဟင်္သာတခရိုင်ဦးစီးမှုးရုံး(ဘစမ) … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊ လမ်းဖြတ်ဝကျးရွာ၌ (၂၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၄)လုံး အိမ်ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀၀/-)ကျပ်အား (၂၄-၉-၂၀၁၉) ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_ sep … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူ မြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စု၊ မြန်မာစုကျေးရွာ၌ (၂၃-၉-၂၀၁၉)ရက်နေတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေးဆုံးခဲ့သည့် လူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀/-)ကျပ်အား (၂၄-၉- ၂၀၁၉) ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ဘေးသင့်သူ၏ မိသားစုဝင်လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #ayy_ sep 2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၉-၂၀၁၉)ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့၊ အ.ထ.က(လွိုင်လင်လေး) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ဲပြီးလက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_ sep 2019
-
မိုင်းထိပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးကျေးရွာအုပ်စု၊ ချုံးကျေးရွာတွင် မိုင်းထိမှန်၍ ဒဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၀,၀၀၀) အား (၂၃-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများ လက်ဝယ် အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #shn_sep2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးကျေးရွာအုပ်စု၊ ချုံးကျေးရွာတွင် လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့သည့် နေအိမ်(၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၁,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၂)ပုံး- (၂၅၀၂၀)ကျပ်တို့အား (၂၃-၉-၂၀၁၉) ရက်နေ့ (၁၂:၀၀) … Read more
-
ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၂၃)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖျာပုံမြို့နယ်ကနိချောင်းဝကျေးရွာအုပ်စု ကနိချောင်းဝကျေးရွာရှိ သောက်သုံးရေကန် ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၃၃၇၀၀၀၀)ကျပ်ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်များမှ ကနိချောင်းဝကျေးရွာ သောက်သုံးရေကန်ပြုပြင်ရေးကော်မတီအဖွဲ့ သို့လွှဲပြောင်းပေးအပ်ထောက် ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_sep2019









