လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၂၃)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖျာပုံမြို့နယ်ကနိချောင်းဝကျေးရွာအုပ်စု ကနိချောင်းဝကျေးရွာရှိ သောက်သုံးရေကန် ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၃၃၇၀၀၀၀)ကျပ်ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်များမှ ကနိချောင်းဝကျေးရွာ သောက်သုံးရေကန်ပြုပြင်ရေးကော်မတီအဖွဲ့ သို့လွှဲပြောင်းပေးအပ်ထောက် ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#ayy_sep2019