လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊ လမ်းဖြတ်ဝကျးရွာ၌ (၂၂-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၄)လုံး အိမ်ထောင်စု (၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀၀/-)ကျပ်အား (၂၄-၉-၂၀၁၉) ရက်နေ့ (၁၃း၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများ ရှေ့မှောက်၌  ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_ sep 2019

Sign Up

Upcoming Events