လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးကျေးရွာအုပ်စု၊ ချုံးကျေးရွာတွင် လက်နက်ကြီးထိမှန်၍ ပျက်စီးခဲ့သည့် နေအိမ်(၂) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၁,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးပါ (၂)ပုံး- (၂၅၀၂၀)ကျပ်တို့အား (၂၃-၉-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#shn_sep2019
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)