Category Archives: News
-
ကွင်းဆင်းညှိနှိုင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာတွင် တည်ဆောက်ပြီးဖြစ်သော Community Shelter အား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီမှ ခွင့်ပြုရန်ပုံငွေ (၆၁) သိန်းဖြင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် လုပ်ငန်းစတင်ရန် ကွင်းဆင်းညိုနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #bgo_sep2019
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ သပြေကွင်း ကျေးရွာ၌ (၂၆-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ်တို့အား (၂၆-၉-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၉-၂၀၁၉) ရက်နေ့၌ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ မန်ကောင်းရပ်ကွက်တွင် မိုင်းထိမှန်၍ ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၂၇-၉-၂၀၁၉) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #shn_sep2019
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အောက်ကမ်ဘာကျေးရွာ အုပ်စု၊ ကမာပိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဓမ္မစကူးတက်ရောက်သင်ကြားနေသော ကျောင်းသား/သူ စုစုပေါင်း (၂၀၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_sep2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပူတာအိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၀း၃၀) နာရီအချိန်ထိ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (လုံရှာယာန်) မှ ကျောင်းသား/သူ (၂၇၉) ဦးအား ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် သဘာဝဘေးထောက်ပံ့မှုနှုန်းထားများအား ရှင်းလင်း ပြောကြားခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ (ရေဘေး၊ မီးဘေး၊ လေပြင်းဘေးနှင့် ငလျင်ဘေး) အန္တရာယ်များ အကြောင်း ဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးအသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့၊ အ.ထ.က (ထုံးအိုင်) ကျောင်းသို့ သွားရောက်၍ ကျောင်းသူ/သား (၄၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်း ဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက် များအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များ၊ ဗီနိုင်းပိုစတာများ၊ ဗလာစာအုပ်နှင့် ဘောပင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #krn_sep2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၉-၂၀၁၉) ရက်နေ့တွင် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း (IOM) နှင့်ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေးသံတမန်များ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းအား ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၄၅) ရွာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးများ၊ ဂွမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း (Volunteer) များ စုစုပေါင်း သင်တန်းသား (၄၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၆-၉-၂၀၁၉) … Read more
-
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ်မြောက် အစည်းအဝေးကျင်းပ
စက်တင်ဘာ ၂၆၊ နေပြည်တော် (၂၆-၉-၂၀၁၉) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ်မြောက်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာ ခက်အောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်းများက လာရောက်တွေ့ဆုံမှုသတင်း
စက်တင်ဘာ ၂၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Korea Disabled People’s Development Institute (KODDI)၊ ကမ္ဘာ့ဘဏ်နှင့် ဆွစ်ဇာလန် သံရုံးတို့မှ တာဝန်ရှိသူများက အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌ သီးခြားဆီလာရောက် တွေ့ဆုံပါသည်။ Korea Disabled People’s Development Institute (KODDI) မှ Director General Dr.Choi Woong-seon နှင့်တွေ့ဆုံရာတွင် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေး အပြည့်အဝရရှိရေးနှင့် အလုပ်အကိုင် … Read more
-
ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၄.၉.၂၀၁၉)နေ့ တနင်္သာရီမြို့နယ် အ.ထ.က(ပဝ)၌ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦး၊ (၂၅.၉.၂၀၁၉)နေ့ နံနက် (၉း၃၀) တွင် အ.ထ.ကခွဲ(ဇဝဲ)၌ ကျောင်းသားကျောင်းသူ အင်အား (၃၀၀)ဦး၊ နေ့လည် (၁း၃၀)အချိန်တွင် အ.ထ.က(တနင်္သာရီ) ၌ ကျောင်းသားကျောင်းသူအင်အား (၄၀၀)ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုဖိုင်ပြသခြင်း ဘောပင်နှင့်လက်ကမ်းစာစောင်များဝေငှခြင်းတို့ကို မြိတ်ဘေးစီမံမှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)









