Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်၊ မြင်းခြံမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ကံဦးကျေးရွာတွင် (၃-၁၀-၂၀၁၉) ရက်နေ့ (၁၆:၁၅) အချိန်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ မန်ကျည်းပင်လဲကျခဲ့ရာ ပြိုကျပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁)စု၊ စုစုပေါင်းလူဦးရေ (၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးအိမ်ထောင်စု (၁) စုစာတို့ကို (၄-၁၀-၂၀၁၉) ရက်နေ့တွင် … Read more
-
မီးဘေးသင့်ကျောင်းဆောင်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရမှု ဦးစီးဌာန၊ ကျောက်မဲခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သီပေါမြို့နယ်၊ မိုင်းလင်းကျေးရွာအုပ်စု၊ မြောက်ရွာ ဘုန်းတော်ကြီးကျောင်း၌ (၂-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးအတွက် ကျောင်းဆောက် ပစ္စည်းဖိုးအလှူငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ သံဃာ(၁၅)ပါးအတွက် ဒွိစုံ(၁၅)စုံ (၁၅၁,၀၀ဝ/-)ကျပ်၊ ဆွမ်းဆန်ဖိုးငွေ (၃၁,၅၀ဝ/-)ကျပ်၊ ပျံလွန်တော်မူသွားသော ကိုရင်(၁)ပါးအတွက် (၃၀၀,၀၀ဝ/-)ကျပ်၊ စုစုပေါင်းလှူဒါန်းငွေ (၇၈၂,၅၀ဝ/-)ကျပ်အား (၃-၁၀-၂၀၁၉) ရက်နေ့ (၁၄:၃၀) နာရီတွင် သီပေါမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ သံဃာတော်များအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_oct2019 Source: ကေျာက်မဲခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမျိုးသားကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၄)ဦးတို့အတွက်လည်းကောင်း၊ ကရုချောင်းဘုန်းတော်ကြီး ကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၉)ဦးတို့အတွက်လည်းကောင်း၊ ဃောသိတာရုံ ကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၄)စု၊ လူဦးရေ(၁၂)ဦးတို့အတွက်လည်းကောင်း၊ ငတောက်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)ဦးတို့အတွက်လည်းကောင်း ဆန်ရိက္ခာ(၁)လစာ ဆန်(၁၈)အိတ်၊ (၃)ပြည်ကို (၃-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၉-၂၀၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်အတွင်းမှ စစ်တွေမြို့၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂) စုမှ လူဦးရေ (၆၁) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန်(၈)အိတ်၊ (၂၁)ပြည်၊ (၄)ဘူး တို့ကို (၃-၁၀-၂၀၁၉) ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံပိတ်ပွဲသို့တက်ရောက်ခြင်းနှင့် Korea Disability Development Institute (KODDI)အဖွဲ့နှင့် တွေ့ဆုံ
#hl1 #npw_0ct2019 နေပြည်တော်၊ အောက်တိုဘာ ၃ ကိုရီးယားသမ္မတနိုင်ငံသို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ဆိုးလ်မြို့၊ Westin Chosun ဟိုတယ်တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ လုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ညီလာခံသို့ အာရှနှင့်ဥရောပနိုင်ငံများမှ သက်ကြီးရွယ်အိုနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးဌာနများမှ ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ASEM Global Ageing Centre မှတာဝန်ရှိပုဂ္ဂိုလ်များ၊ သက်ကြီးရွယ်အို ကိစ္စ ရပ်များဆောင်ရွက်လျက်ရှိသော ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သော … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာတွင် (၂၅-၉-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ လူဉီးရေ(၁၅)ဉီးအတွက် ဆန်ရိက္ခါ(၇)ရက်စာ (၃၁,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၁,၅၀၀/-)ကျပ်အား (၂-၁၀-၂၀၁၉) ရက်နေ့ (၁၀:၄၀) အချိန်တွင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_oct2019 Source: မင်းဘူးခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ ရွာမရပ်တွင် (၂၄-၉-၂၀၁၉ )ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၅၀,၀၀၀/-)ကျပ်၊ လူဉီးရေ(၅)ဉီးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀၀/-)ကျပ်အား (၂-၁၀-၂၀၁၉)ရက်နေ့ (၁၁:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_oct2019 Source: မင်းဘူးခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပပြုလုပ်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ (ACDM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်၊ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့ကဆောင်ရွက်ခဲ့ကြပါသည်။ တတိယမြောက်နေ့တွင် … Read more
-
သစ်ပင်ပြိုကျမှုကြောင့်ဘေးသင့်ကျောင်းဆောင်အတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အေးရပ်တွင် (၂၅-၉-၂၀၁၉) ရက်နေ့၌ သက်တမ်းရင့်မန်ကျဉ်းပင်ပြိုလဲရာမှ စလေတိုက်သစ်စာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၂)ထပ်ကျောင်းဆောင် အမိုး(၁၀)ချပ်ခန့် ပျက်စီးခဲ့သည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၀၀၀၀၀/-)ကို (၂-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #mgy_oct2019 Source: ချောက်မြို့နယ်ဉီးစီးမှုးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၀-၂၀၁၉)ရက်နေ့၊ (၀၅း၃၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၃၆,၀၀၀/-)ကျပ်၊ လူဦးရေ(၂၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၄၄,၁၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၈၀,၁၀၀/-)ကျပ်အား (၂-၁၀-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Sourceး သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_ oct 2019









