လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် (၃၅) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ တတိယမြောက်နေ့အဖြစ် ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပပြုလုပ်ရာ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီ (ACDM) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်၊ ပူးတွဲဥက္ကဋ္ဌ ဖြစ်သူ Mr. Kistoffer James E. Purisima, Assistant Secretary/ Deputy Administrator for Administration, Philippines တို့ကဆောင်ရွက်ခဲ့ကြပါသည်။
တတိယမြောက်နေ့တွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပူးတွဲလုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကိုယ်စားလှယ်များ၊ အာဆီယံကာကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကိုယ်စားလှယ်များ၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့် မြင့်အရာရှိကြီးများနှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်ကြီးများ တက်ရောက်၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အာဆီယံ ရေးရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လူမှုဝန်ထမ်းဆိုင်ရာဒေသတွင်း ဆောင်ရွက်တိုးတက်မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ပါသည်။ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းရေး လုပ်ငန်းများ တွင် လုပ်ငန်းအဖွဲ့ဝင်(၅)ခုက ဒေသတွင်း နှင့် နိုင်ငံတွင်းအဆင့်အကောင်အထည်ဖော်ဆောင်ရွက် တိုးတက်မှုများ၊ ဆက်စပ်အစည်းအဝေးများတွင် ဆုံးဖြတ်အတည်ပြုထားသည့်ကိစ္စရပ်များနှင့် လုပ်ငန်းအဖွဲ့ဝင် များ အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ခဲ့ကြပြီး ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီနှင့် အခြားလုပ်ငန်း အဖွဲ့(၄)ခုမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်၊ AHA Centre မှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
#dg
#npw_0ct2019
အောက်တိုဘာ ၃၊ နေပြည်တော်