လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောက်မြို့နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အေးရပ်တွင် (၂၅-၉-၂၀၁၉) ရက်နေ့၌ သက်တမ်းရင့်မန်ကျဉ်းပင်ပြိုလဲရာမှ စလေတိုက်သစ်စာသင်တိုက် ဘုန်းတော်ကြီးကျောင်း (၂)ထပ်ကျောင်းဆောင် အမိုး(၁၀)ချပ်ခန့် ပျက်စီးခဲ့သည့်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး ငွေကျပ်(၁၀၀၀၀၀/-)ကို (၂-၁၀-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့နှင့်အတူ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#mgy_oct2019
Source: ချောက်မြို့နယ်ဉီးစီးမှုးရုံး (ဘစမ)