Category Archives: News
-
School Cum Shelter တည်ဆောက်မှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျးရွာအုပ်စု၊ ဓနိဆိပ် ကျေးရွာတွင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်တည်ဆောက်လျှက်ရှိသော BAN Thein Construction Co. Ltd ၏ School Cum Shelter တည်ဆောက်ခြင်း (25%) တည်ဆောက်ပြီးစီးမှု အခြေအနေအား လပွတ္တာမြို့နယ်မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ (၇-၁၀-၂၀၁၉)ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_oct2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
အောက်တိုဘာ ၇၊ နေပြည်တော် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် Shigematsu Company Limited (Japan) က အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၈၂,၀၀၀) ကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၂၈,၀၀၀) ကိုလည်းကောင်း ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြပါသည်။ ရှေးဦးစွာ Shigematsu Company … Read more
-
မိုးကြိုးဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၁၀-၂၀၁၉) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ သောက်တော်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဉီး အတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်အား (၇-၁၀-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။ #ha_tls #krn_oct2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလမသဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာ
အောက်တိုဘာ ၅၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ တွင် အောက်တိုဘာလ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၀) ကြိမ်မြောက် ကုလမ သဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်ရန် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ရောက်ရှိစဉ်ကာလအတွင်း နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့် Nansen ဒုက္ခသည် … Read more
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၅) ရက်နေ့တွင် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်၊ ဖျာပုံမြို့နယ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီတို့နှင့်အတူ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာတွင် တည်ဆောက်လျက်ရှိသော Multi Purpose Shelter ပြီးစီးမှုကိုသွားရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ရခိုင်ပြည်နယ်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု(၂၁)စု၊ လူဉီးရေ(၈၄)ဉီးတို့အတွက် ဆန်ရိက္ခာ(၁)လစာ(၂၆)အိတ်၊(၆)ပြည်တို့အား (၄-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဉီးစီးမှူးရုံး(ဘစမ)
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးနှင့် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ (၄-၁၀-၂၀၁၉) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာအုပ်စု၊ ရန်ကင်း စံရာရွာမကျေးရွာ၌ ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၀၀) ဦးခန့်ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းလွင်၊ ညောင်တုန်းမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သဇင်ထွန်း … Read more
-
ဒုတိယဝန်ကြီး ဦးစိုးအောင် World Food Programme မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director အား လက်ခံတွေ့ဆုံ
၄-၁၀-၂၀၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် သည် World Food Programme မှ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ John Aylieff နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် WFP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းသဘာဝဘေးအန္တရာယ် ကျရောက်သောနေရာများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးနေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၏ သိုလှောင်ရုံများ အဆင့်မြှင့်တင်ပြုပြင်ပေးနေမှုများ၊ … Read more
-
(၇)ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း
အောက်တိုဘာ ၄ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအထိမ်းအမှတ်နေ့၊ (၇)ကြိမ်မြောက် အာဆီယံသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်အဖွဲ့ဝင်နိုင်ငံများညီလာခံကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ပါသည်။ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး အလှည့်ကျ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆောင်ရွက်၍ ဖိလစ်ပိုင်နိုင်ငံ၊ ပြည်သူ့ရေးရာကာကွယ်ရေးရုံးမှ Assistant Secretary, Deputy Administrator for Administration … Read more
-
ဒဏ်ရာရပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ တစ်ဖက်ကမ်း၌ (၂-၁၀-၂၀၁၉) ရက်နေ့တွင် ကျည်ထိမှန်မှုကြောင့် ဒဏ်ရာရပြည်သူ (၁) ဦးအတွက်ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်ကို (၄-၁၀-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ)









