ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလမသဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာ

5_Pic_01

အောက်တိုဘာ ၅၊ ရန်ကုန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ တွင် အောက်တိုဘာလ (၇) ရက်နေ့မှ  (၁၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၇၀) ကြိမ်မြောက် ကုလမ သဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင်ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ တက်ရောက်ရန် ယနေ့ညနေပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

          ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွတ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ရောက်ရှိစဉ်ကာလအတွင်း နိုင်ငံမဲ့ဖြစ်မှုဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲနှင့်  Nansen  ဒုက္ခသည် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ ပြည်တွင်းနေရပ်စွန့်ခွာမှုများအား ကြိုတင်မှန်းဆခြင်းနှင့် ဆုံးဖြတ်ချက်ပေးနိုင်မည့် ပါဝင်ဆောင်ရွက်မှုများကို ဆွေးနွေးခြင်း၊ နိုင်ငံများအလိုက်တင်ပြချက် (Statement General Debate) တွင် ပါဝင်ဖတ်ကြားခြင်း၊  ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းနှင့် သဘာဝဘေးကြောင့်  နေရပ်စွန့်ခွာမှုဆိုင်ရာဆွေးနွေးပွဲ (General Debate) တွင် နိုင်ငံများအလိုက် တင်ပြချက်များ ပါဝင်ဖတ်ကြားခြင်း၊ ဒစ်ဂျစ်တယ်ကမ္ဘာတွင် လူသားကိုဦးစားပေးခြင်း အနာဂတ် လုပ်ငန်းစဉ်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးခြင်း၊ United Nations High Commissioner for Refugees (UNHCR) အမြဲတမ်းကော်မတီ၏ဆောင်ရွက်ချက်အစီရင်ခံစာများတင်သွင်းခြင်းနှင့် လိင်ပိုင်းဆိုင်ရာ မလျှော်ကန်သည့်အပြုအမူများ ကင်းဝေးသည့်လုပ်ငန်းခွင် ဖန်တီးရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေး ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#hl1

#npw_oct2019

Source: MSWRR

Sign Up

Upcoming Events