Category Archives: News
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၉-၁၀-၂၀၁၉)ရက်နေ့၌ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ရှင်အောင်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်နှင့် မီးဘေးလုံးဝပျက်စီး (ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း) အိမ်ခြေ (၁)လုံး အိမ်ထောင်စု(၁)အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်းငွေ ကျပ် (၄၀၀,၀၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၀-၂၀၁၉) ရက် နေ့တွင် ရှင်အောင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူ မိသားစုဝင်များထံသို့ … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား အကြိုလှုပ်ရှားမှုအဖြစ် ပြည်သူလူထုများ ဘေးဒဏ်ခံအဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့(Daifin Social Services)နှင့် ပူးပေါင်း၍ (၁၇-၁၀-၂၀၀၉) ရက်နေ့၊ (၀၆:၀၀) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီးလမ်းထောင့်မှ ပညာရေးကောလိပ်အထိ လမ်းလျှောက်ခြင်းကိုလည်းကောင်း၊ မြစ်ကြီးနား မြို့၊လေ့ကျင့်ရေးကျောင်း၌ ပြည်သူလူထုများ ဘေးဒဏ်ခံအဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးက အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန််ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿ၀င်ကျေးရွာအုပ်စု၊ ရွှေဖလားကျွန်းကျေးရွာတွင် (၅-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂၁) လုံး၊ အိမ်ထောင်စု (၂၁) စုမှ လူဦးရေ (၈၅) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၀၀၀၀၀) ကျပ် ၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၇၈၅၀၀) ကျပ်၊ စုစုပေါင်းငွေ (၂၂၇၈၅၀၀) ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့အရောက် (၁၆-၁၀-၂၀၁၉) ရက်နေ့ (၁၃:၀) အချိန်၌ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဗလီဒေါင့် ကျေးရွာအုပ်စု၊ ပန်းပင်ဆိပ်ကျေးရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၃)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-) ကျပ်တို့ကို (၁၆-၁၀-၂၀၁၉) ရက်နေ့၊ (၁၇:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်တွင် (၁၄.၁၀.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၂၂) ဦးအတွက် (၇) ရက်စာရန်ပုံငွေ (၄၆၂၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၄၆၂၀ဝ/-) ကျပ်တို့ကို (၁၆-၁၀-၂၀၁၉) ရက် နေ့ (၁၄:၅၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2019 … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ မာယုချောင်းဖျားကျေးရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျ နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင်စု (၁) စုစာ၊ care myanmar ပိုက်ဖျာ (၁) ချပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့ကို (၁၆-၁၀-၂၁၀၉) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၁၀-၂၀၁၉) ရက်နေ့၌ ဖြစ်ပွား ခဲ့သော တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှ မိုးကြိုးဘေးသင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ်နှင့် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်တို့ကို (၁၂-၁၀-၂၀၁၉) ရက်နေ့ (၁၂:၃၀) အချိန်၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #tny_oct2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အကြိုလှုပ်ရှားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ဖျာပုံမြို့ဂေါက်သီးအားကစားကွင်းအတွင်းရှိ မြေနေရာများ၌ တယ်ပင်ပေါက် အပင် (၃၀) အားစိုက်ပျိုးခြင်းအခမ်းအနားကို ဖျာပုံမြို့လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် လူဦးရေ (၃၅) ဦးတက်ရောက်ကာ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့်ရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သာပေါင်းမြို့နယ်၊ ကျုံဒဒွန်ကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀/-)ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၆၃၀၀/-) ကျပ်တို့ကို (၁၆-၁၀-၂၀၁၉) ရက်နေ့ (၁၂:၁၅) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဟောင်း Mr. Roelf Meyer ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် Mr. Roelf Meyer ဦးဆောင်သောအဖွဲ့မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအနက်မှ တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ မတူညီသော လူ့အသိုင်းအဝန်းများအကြား … Read more









