အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား အကြိုလှုပ်ရှားမှုအဖြစ် ပြည်သူလူထုများ ဘေးဒဏ်ခံအဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

17_Pic_01 17_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဒိုင်ဖိန်းလူမှုရေးလုပ်ငန်းအဖွဲ့(Daifin Social Services)နှင့် ပူးပေါင်း၍ (၁၇-၁၀-၂၀၀၉) ရက်နေ့၊ (၀၆:၀၀) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီးလမ်းထောင့်မှ ပညာရေးကောလိပ်အထိ လမ်းလျှောက်ခြင်းကိုလည်းကောင်း၊ မြစ်ကြီးနား မြို့၊လေ့ကျင့်ရေးကျောင်း၌ ပြည်သူလူထုများ ဘေးဒဏ်ခံအဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေး ဟောပြောပွဲကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူ၀င်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်၀န်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးက အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့‌‌ ပေါ်ပေါက်လာရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာ၀န်ရှိသူက ဘေးဒဏ်ခံအဆောက်အဦများ တည်ဆောက်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/မြို့နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များ၊ UN/NGO/INGO/CSOs များ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းမှ ကျောင်းသား/သူများ စုစုပေါင်းလူဦးရေ (၂၀၀)ဦးခန့် ပူးပေါင်းပါဝင် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_oct2019

Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events