လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်ရပ်ကွက်တွင် (၁၄.၁၀.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ (၂၂) ဦးအတွက် (၇) ရက်စာရန်ပုံငွေ (၄၆၂၀ဝ/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၄၆၂၀ဝ/-) ကျပ်တို့ကို (၁၆-၁၀-၂၀၁၉) ရက် နေ့ (၁၄:၅၀) နာရီအချိန်တွင် တာဝန်ရှိသူများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)