ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelf Meyer ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

16_Pic_01

အောက်တိုဘာ ၁၆၊ နေပြည်တော်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် အဖွဲ့ဝင်ဟောင်း တောင်အာဖရိကနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဟောင်း Mr. Roelf Meyer ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ထိုသို့ တွေ့ဆုံရာတွင် Mr. Roelf Meyer ဦးဆောင်သောအဖွဲ့မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအနက်မှ တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ မတူညီသော လူ့အသိုင်းအဝန်းများအကြား လူမှုသဟဇာတမျှတရေး (Social Cohesion )နှင့်ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် Social Cohesion သည် အရေးပါသောကဏ္ဍမှ ပါဝင်နေပါကြောင်း၊ Social Cohesion လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်သည့်အတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံမည့်အစီအစဉ် အကောင်အထည်ဖော်ရန် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လူမှုသဟဇာတမျှတရေးသည် အသိုင်းအဝန်းများအကြား ယုံကြည်မှုတည်ဆောက် ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လူမှုသဟဇာတမျှတရေးဆိုင်ရာလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_oct2019

Source:  MSWRR

Sign Up

Upcoming Events