Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား (Gender Equality Network)အဖွဲ့အစည်းက လာရောက် တွေ့ဆုံ
အောက်တိုဘာ ၂၉ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (Gender Equality Network)အဖွဲ့အစည်းက ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထို့သို တွေ့ဆုံရာတွင် ကျား/မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေးအတွက် (၁၆) ရက်တာ လှုပ်ရှားမှုအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေနှင့် သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသာမက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ချောမွေ့အဆင်ပြေ နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် (၂၈-၁၀-၂၀၁၉) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မုဒူးကျေးရွာအုပ်စု၌ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက်(၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀၅၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၂၉-၁၀-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_oct2019 … Read more
-
ဒဏ်ရာရရှိသူအားထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာအုပ်စု၊ ထိပ်တူးပေါက်ကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသူ အာယေရှာခါတူ(၅၀)နှစ်၊ ဘ အဒူရှူကူအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ် အား (၂၉-၁၀-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ # ha_otr #rke_oct 2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
============================================ “ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ကိုမိုရင်းဧရိယာ(Comorin area)နှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတွင် ဆက်လက်တည်ရှိနေပါသည်။”
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ် သဘာဝဘေး အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစီမံချက် ရေးဆွဲရေးအတွက် ဆက်နွယ်ပတ်သက်သူများနှင့် အလုပ်ရုံဆွေးနွေးပွဲအား (၂၉-၁၀-၂၀၁၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် စစ်တွေမြို့၊ မင်းသူရိယခန်းမ၌ ပြည်နယ်လူမှုရေးဝန်ကြီးမှ အခမ်းအနားအဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_oct 2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၉) ရက်နေ့ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲရပ်ကွက်မီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင် (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ လူ(၁) ဦးအတွက်ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၁၀၀/-) ကျပ်အား (၂၈-၁၀-၂၀၁၉) ရက်နေ့ နံနက် (၉:၁၅) အချိန်တွင် ကြက်ခြေနီတပ်ဖွဲ့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိသည်။ #ha_fir #tny_oct2019 … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) မှတာဝန်ရှိသူများသည် (၂၆-၁၀-၂၀၁၉) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ခြေ (၃) လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၃) စုစာ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ မီးတားဖျက်သိမ်းအိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၅၉) ဦးအတွက်ဆန်ရိက္ခာဖိုးထောက် ပံ့ငွေ (၁၂၃၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂၃၉၀၀/-) ကျပ်အား … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
================================================= “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်း ကမ်းခြေအနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန်(၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
======================================== “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေး နှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ကော်မတီဝင် ဦးတိုးအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့်(၂၀၁၇)ခုနှစ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်အတွင်း အစိုးရကဆောင်ရွက်ပေးလျက်ရှိသည့် … Read more









