အောက်တိုဘာ ၂၉ ၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား (Gender Equality Network)အဖွဲ့အစည်းက ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထို့သို တွေ့ဆုံရာတွင် ကျား/မ အခြေပြု အကြမ်းဖက်မှု ပပျောက်ရေးအတွက် (၁၆) ရက်တာ လှုပ်ရှားမှုအား နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေနှင့် သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများသာမက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ချောမွေ့အဆင်ပြေ နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းရေး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ကျား/မ အခြေပြုအကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများတွင် သက်ဆိုင်ရာအရပ်ဖက် လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခြေနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_0ct2019
Source: MOSWRR