လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးရှိတာဝန်ရှိသူများသည် (၂၈-၁၀-၂၀၁၉) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မုဒူးကျေးရွာအုပ်စု၌ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက်(၇) ရက်စာဆန်ရိက္ခာဖိုးငွေ (၁၀၅၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့အား (၂၉-၁၀-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_oct2019
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)