Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၂၇) ရက် နေ့တွင် ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာတွင် လေဘေးဖြစ်ပွား ခဲ့ခြင်းကြောင့် ပြိုလဲပျက်စီးအိမ်ခြေ (၁၀) အိမ်မှ အိမ်ထောင်စု(၁၀) စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁၀) စုစာတွက် ဆန်ရိက္ခာဖိုးထောက်ပံ့မှု (၁) ဦးလျင် (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၂၁၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၉၀၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀၀/-) … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ် မြို့နယ်အတွင်း သဘာဝဘေးများဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိ စေနိုင်ရေးအတွက် (၃၀-၁၀-၂၀၁၉) ရက်နေ့၊ (၁၁:၀၀)နာရီတွင် သံဖြူဇရပ်မြို့၊ မြို့လယ်ပန်းခြံ၌ မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ar #mon_oct 2019
-
ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်တွေခရိုင်အတွင်း ရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်သင်ပုန်းတန်းကျေးရွားမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၅၆)စု၊ လူဦးရေ (၃၂၄)ဦး၊ ဗန်းဗွီးကျေးရွာစာသင်ကျောင်းမှ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၈၄)ဦး၊ ပေါက်တောမြို့နယ်၊ ကံဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦး စုစုပေါင်း အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၄၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၇)အိတ်၊ (၄)ပြည်၊ (၄)ဗူးအား (၃၀-၁၀-၂၀၁၉)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပမှုသတင်း
အောက်တိုဘာလ ၃၀ ၊ နေပြည်တော် အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါရေးဆွဲရေး ဦးဆောင် ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးလုပ်ငန်း စဉ်သည် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို လက်တွေ့ကျကျဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သဘာဝဘေးဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှု လျှော့နည်းစေရန်နှင့် ပြည်သူများသဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ (၃၀-၁၀-၂၀၁၉) ရက်နေ့၊ (၁၁:၀၀)နာရီတွင် မုဒုံမြို့၊ ကန်ကြီးဘုရားရှေ့၊ သာသနာ့ဗိမာန်အနီး၌ ယခင်စိုက်ထူထားသောရေဘေးအသိပညာပေးဗီနိုင်းပိုစတာနေရာတွင် မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာကို ပြောင်းလဲစိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_fir #mon_oct2019 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
အသိပညာပေး ဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၀.၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်မြို့ပတ်လမ်း အ.ထ.က (၁) ကျောင်းရှေ့၌ စိုက်ထူထားသောရေဘေးအသိပညာပေးဗီနိုင်းပိုစတာနေရာတွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာအား ပြောင်းလဲစိုက်ထူ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #mon_oct2019 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၌ (၂၈-၁၀-၂၀၁၉) ရက်နေ့၊ (၁၄:၃၀) အချိန်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၁) အိမ်ထောင်စာတို့ကို (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၀-၂၀၁၉) ရက်နေ့ (၂၂:၅၅) နာရီအချိန်တွင်ဖြစ်ပွားခဲ့သော ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ ကွက်သစ်၊ (၉၂၀) ရှုမဝလမ်းဘေးတွင် နေအိမ် (၁) လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀ဝ/-) ကျပ်၊ မီးဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၂၀ဝ/-) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား (၃၀-၁၀-၂၀၁၉) … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၁/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++++++ မုန်တိုင်းငယ်အခြေအနေ ++++++++++++++ “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လက်ရှပ်ဝိ၊ မော်လ်ဒိုက်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကိုမိုရင်းဧရိယာ(Comorin area)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မော်လ်ဒိုက်-ကိုမိုရင်းဧရိယာတွင် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မော်လ်ဒိုက်နိုင်ငံ၊ မာလီမြို့(Male)၏ အရှေ့မြောက်ဘက် မိုင်(၂၁၀)ခန့်နှင့် မီနီကွိုင်(Minicoy) (လက်ရှပ်ဝိ-Lakshadweep) ကွျန်း၏ အရှေ့-အရှေ့ တောင်ဘက် မိုင်(၂၁၀)ခန့်အကွာ … Read more
-
မီးဘေးအသိပညာပေးဗီနိုင်းပိုစတာပြောင်းလဲစိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာ၊ ဘော်လုံးကွင်းအရှေ့၊ စျေးအနီး၌ စိုက်ထူထားသော ရေဘေးအသိပညာပေးဗီနိုင်းပိုစတာ နေရာတွင် မီးဘေးအသိပညာပေးဗီနိုင်းပိုစတာကို ပြောင်းလဲစိုက်ထူခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar_fir #mon_oct2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









