ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် စစ်တွေခရိုင်အတွင်း ရောက်ရှိခိုလှုံနေထိုင်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောက်သင်ပုန်းတန်းကျေးရွားမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၅၆)စု၊ လူဦးရေ (၃၂၄)ဦး၊ ဗန်းဗွီးကျေးရွာစာသင်ကျောင်းမှ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၈၄)ဦး၊ ပေါက်တောမြို့နယ်၊ ကံဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦး စုစုပေါင်း အိမ်ထောင်စု(၈၆)စု၊ လူဦးရေ(၄၃၉)ဦးအတွက် ဆန်ရိက္ခာ(၁)လစာ ဆန်(၁၃၇)အိတ်၊ (၄)ပြည်၊ (၄)ဗူးအား (၃၀-၁၀-၂၀၁၉)ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

# ha_otr
#rke_oct 2019

Sign Up

Upcoming Events