လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

31_Pic_01

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အောက်တိုဘာလ (၂၇) ရက် နေ့တွင် ဖျာပုံမြို့နယ် သဲအိမ်ကျောင်းစုကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာတွင် လေဘေးဖြစ်ပွား ခဲ့ခြင်းကြောင့် ပြိုလဲပျက်စီးအိမ်ခြေ (၁၀) အိမ်မှ အိမ်ထောင်စု(၁၀) စုစာအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁၀) စုစာတွက် ဆန်ရိက္ခာဖိုးထောက်ပံ့မှု (၁) ဦးလျင် (၇) ရက်စာ ဖိုးထောက်ပံ့ငွေ (၂၁၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ  (၉၀၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀၀/-) ကျပ်တို့ကို အောက်တိုဘာလ (၃၀) ရက်နေ့တွင် လေဘေးဖြစ်ပွား ရာသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_oct2019

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events