လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ် မြို့နယ်အတွင်း သဘာဝဘေးများဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးပြည်သူများအား သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိ စေနိုင်ရေးအတွက် (၃၀-၁၀-၂၀၁၉) ရက်နေ့၊ (၁၁:၀၀)နာရီတွင် သံဖြူဇရပ်မြို့၊ မြို့လယ်ပန်းခြံ၌ မီးဘေးအသိပညာပေး ဗီနိုင်းပိုစတာဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ar
#mon_oct 2019