မုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၁/၂၀၁၉)

30_3
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ မြန်မာစံတော်ချိန်(၁၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
++++++++++++++++++++++++++++++++
မုန်တိုင်းငယ်အခြေအနေ
++++++++++++++
“ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လက်ရှပ်ဝိ၊ မော်လ်ဒိုက်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကိုမိုရင်းဧရိယာ(Comorin area)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ် (Depression) တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မော်လ်ဒိုက်-ကိုမိုရင်းဧရိယာတွင် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မော်လ်ဒိုက်နိုင်ငံ၊ မာလီမြို့(Male)၏ အရှေ့မြောက်ဘက် မိုင်(၂၁၀)ခန့်နှင့် မီနီကွိုင်(Minicoy) (လက်ရှပ်ဝိ-Lakshadweep) ကွျန်း၏ အရှေ့-အရှေ့ တောင်ဘက် မိုင်(၂၁၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ လက်ရှပ်ဝိ ကွျန်းကို ဖြတ်ကျော်ပြီးနောက် အာရေဗျပင်လယ်သို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းရပါသည်။”
ယခုသတင်းသည် မုန်တိုင်းငယ်အတွက် နောက်ဆုံးထုတ်ပြန်ပေးသည့် သတင်းဖြစ်ပါသည်။

Sign Up

Upcoming Events