Category Archives: News
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက် ရှိသည့် စုရပ် (၆) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၄၀) စု၊ လူဦးရေ (၉၁၈) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၂၈၆) အိတ်၊ (၂၁) ပြည်အား (၁-၁၁-၂၀၁၉)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ကပ္ပလီပင်လယ်ပြင်အခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်) (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် နောက်(၂၄)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။”
-
အမြင့်ဆုံးအပူချိန်စံချိန်သစ်
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန် သည့် အမြင့်ဆုံးအပူချိန်စံချိန်သစ်
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
ဘူးသီးတောင်မြို့နယ်၊ ရွှေသီး ကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ခွဆုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ စက်ခေါ်ကျေးရွာ၊ ကျောက်စာတိုင် ကျေးရွာ၊ သိန်းတန် (ရခိုင်) ကျေးရွာ၊ သိန်းတန် (မူဆလင်) ကျေးရွာ၊ ဝရကျွန်းကျေးရွာ၊ ဆေးအိုးကျကျေးရွာနှင့် သံခြေကျေးရွာ စုရပ်စခန်း (၁၂)တို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇၈) စု၊ လူဦးရေ (၁,၇၆၁) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၅၅၀) အိတ်၊ (၇)ပြည်၊ (၄) ဘူးနှင့် ဘူးသီး တောင်မြို့နယ်၊ စေတီတောင်ကျေးရွာ၊ … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂-၁၁-၂၀၁၉) ရက်နေ့ တနင်္သာရီမြို့နယ်၊သကျက်ကျေးရွာအုပ်စု၊ တောင်းဘိန်း (၂)ကျေးရွာမီးဘေးမှ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးတစ်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်နှင့် လူ(၄)ဦးအတွက်ဆန်ဘိုး (၈,၄၀၀)ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်တို့အား (၃-၁၁-၂၀၁၉) ရက်နေ့ (၁၂:၅၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #tny_nov2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာ၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာနှင့် မကျီး ကုန်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတို့၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီး နေအိမ် (၁၀)လုံးနှင့် တစိတ်တပိုင်း ပျက်စီး နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀,၀၀၀) ကျပ်၊ လူဦးရေ(၅၅)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ(၁၁၅,၅၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၁၅,၅၀၀) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၂) … Read more
-
တိုက်ပွဲရှောင် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့၊ ရွာမရပ်ကွက်၊ သီရိမင်္ဂလာရွာမဘုန်း တော်ကြီးကျောင်းရှိ တိုက်ပွဲရှောင် ကျောင်းသား၊ ကျောင်းသူ (၄၉) ဦးအတွက် ဆန်ရိက္ခာ (၁)လစာ ဆန် (၁၅) အိတ်၊ (၇) ပြည်၊ (၄) ဘူးအား (၂-၁၁-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ် ဦးစီးမှူးရုံးမှ ဘူးသီးတောင်မြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရပါသည်။ ha_otr rke_nov2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာအုပ်စု၊ ကုလားမကျေးရွာတို့၌ (၁-၁၁-၂၀၁၉) ရက်နေ့ (၀၆:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုကြောင့် အမိုးလန် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ်၊ လူဦးရေ (၂) ဦးအ တွက် ဆန်ရိက္ခာ(၇) ရက်စာရန်ပုံငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄,၂၀၀) ကျပ် တို့အား (၁-၁၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ပတ်လည်ကြီးကျေးရွာအုပ်စု၊ ပျဉ်းချောင်းကျေးရွာတွင် (၁-၁၁-၂၀၁၉) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၁၆,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀၀) ကျပ်ကို (၁-၁၁-၂၀၁၉) ရက်နေ့ (၁၄:၀၀) အချိန်တွင်လည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၆)ရပ်ကွက်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာနှင့် မိချောင်း တစ်ရာ ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတို့တွင် (၃၁-၁၀-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အမိုးလန်ပျက်စီး ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုး (၁၀၀,၀၀ဝ)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၄၅)လုံး၊ စုစုပေါင်း နေအိမ် (၅၉)လုံး၊ အိမ်ထောင်စု (၅၉)စုမှ လူဦးရေ (၂၃၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more









