လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

3_Pic_01 3_Pic_02

 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၆)ရပ်ကွက်၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာနှင့် မိချောင်း တစ်ရာ ကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာတို့တွင် (၃၁-၁၀-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အမိုးလန်ပျက်စီး ဘုန်းတော်ကြီးကျောင်း (၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုး (၁၀၀,၀၀ဝ)ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၁၄)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၄၅)လုံး၊ စုစုပေါင်း နေအိမ် (၅၉)လုံး၊ အိမ်ထောင်စု (၅၉)စုမှ လူဦးရေ (၂၃၉)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၄)ပုံး (၄၅၂,၉၄၂)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၈၉၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၅၁,၉၀ဝ)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃,၄၉၁,၉၀ဝ)ကျပ်အား (၂-၁၁-၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကန်ကြီးထောင့်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_nov2019
 
 
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events