တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

3_pic_02
ဘူးသီးတောင်မြို့နယ်၊ ရွှေသီး ကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ၊ ခွဆုံကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ စက်ခေါ်ကျေးရွာ၊ ကျောက်စာတိုင် ကျေးရွာ၊ သိန်းတန် (ရခိုင်) ကျေးရွာ၊ သိန်းတန် (မူဆလင်) ကျေးရွာ၊ ဝရကျွန်းကျေးရွာ၊ ဆေးအိုးကျကျေးရွာနှင့် သံခြေကျေးရွာ စုရပ်စခန်း (၁၂)တို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၇၈) စု၊ လူဦးရေ (၁,၇၆၁) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၅၅၀) အိတ်၊ (၇)ပြည်၊ (၄) ဘူးနှင့် ဘူးသီး တောင်မြို့နယ်၊ စေတီတောင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ၊ ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင် မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမ ဘုန်းတော်ကြီးကျောင်း စုရပ်စခန်း (၄) ခုရှိ တိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု (၁,၀၃၃) စု၊ လူဦးရေ (၄,၈၁၅) ဦးအား ဆန်ရိက္ခာ (၂) ပတ်စာ ဆန် (၇၀၂) အိတ်၊ (၄) ပြည်၊ (၄) ဘူး၊ စုစုပေါင်းဆန်ရိက္ခာ (၁,၂၅၂) အိတ်၊ (၁၂) ပြည်အား (၂-၁၁-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ 

ha_otr
rke_nov2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events