လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

3_Pic_01

 
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာ၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်းကျေးရွာနှင့် မကျီး ကုန်းကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာတို့၌ (၃၀-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်ပျက်စီး နေအိမ် (၁၀)လုံးနှင့် တစိတ်တပိုင်း ပျက်စီး နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၈၀၀,၀၀၀) ကျပ်၊ လူဦးရေ(၅၅)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ(၁၁၅,၅၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၉၁၅,၅၀၀) ကျပ်နှင့် ကယ်ဆယ် ရေးပစ္စည်း(၁၆)မျိုး (၂) အိမ်ထောင်စာ (၆၄,၇၀၆) ကျပ်အား (၂-၁၀-၂၀၁၉) ရက်နေ့ (၁၀:၀၀) နာရီ အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တကွတာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_nov2019
 
 
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events