လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာအုပ်စု၊ ကုလားမကျေးရွာတို့၌ (၁-၁၁-၂၀၁၉) ရက်နေ့ (၀၆:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်၍ သစ်ပင်လဲကျမှုကြောင့် အမိုးလန် ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀၀) ကျပ်၊ လူဦးရေ (၂) ဦးအ တွက် ဆန်ရိက္ခာ(၇) ရက်စာရန်ပုံငွေ (၄,၂၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅၄,၂၀၀) ကျပ် တို့အား (၁-၁၁-၂၀၁၉) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတာဝန်ရှိ သူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့အရောက်သွားရောက်၍ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရပါသည်။
ha_sgw
mgy_nov2019
Source: တောင်တွင်းကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)