
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက် ရှိသည့် စုရပ် (၆) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၄၀) စု၊ လူဦးရေ (၉၁၈) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၂၈၆) အိတ်၊ (၂၁) ပြည်အား (၁-၁၁-၂၀၁၉)ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲရှောင်ပြည်သူများအား ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)