Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ ဖားအီကျေးရွာ၌ (၂-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးအိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၆:၅၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမျက်မမြင်များအသင်းတာဝန် ရှိသူများ လာရောက်တွေ့ဆုံ
နိုဝင်ဘာ ၄၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော အနာဂတ်ကို မျှော်မှန်း၍ မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ဖော်ဆောင်ပေးရန် အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကဖွဲ့စည်းထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်အဆင့်နှင့် မသန်စွမ်းအဖွဲ့အစည်းများပူးပေါင်း၍ မသန်စွမ်း သူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများကိုဆောင်ရွက်ပေးရန်စီမံချက်များ ရေးဆွဲဖော်ဆောင်ရန် မသန်စွမ်းအဖွဲ့အစည်းများက စည်းလုံးညီညွတ်စွာဖြင့် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++++++ “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ပိုမို အားကောင်းလာနိုင်ပြီး နောက်(၃၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။” သတိပေးနှိုးဆော်ချက် +++++++++++ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၄၈)နာရီ အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်) (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ပိုမိုအား ကောင်းလာနိုင်ပြီး နောက်(၆)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။” သတိပေးနှိုးဆော်ချက် (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီ အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် … Read more
-
အမြင့်ဆုံးအပူချိန်စံချိန်သစ်များ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ ထုတ်ပြန်ချက်
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ဆင်လမ်းကြီးကျေးရွာနှင့် မဿမံ ကျေးရွာတို့၌ (၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သည့်နေအိမ် (၅) လုံး၊ အိမ်ထောင် (၅) စုမှ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၇,၈၀ဝ) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၅၀,၀၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၈၇,၈၀ဝ) ကျပ်အား (၄-၁၁-၂၀၁၉) ရက်နေ့ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်) (မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ++++++++++++++++++++++++++++ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါ သည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။” သတိပေးနှိုးဆော်ချက် +++++++++++++++ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက်(၄၈) နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဒီးမော့ဆိုမြို့၊ ပရဟိတကျောင်းအတွက် ထောက်ပံ့ခြင်းနှင့် ကယားပြည်နယ်ရှိ ဝန်ကြီးဌာန၏ဝန်ထမ်းများနှင့်တွေ့ဆုံ
နိုဝင်ဘာ ၃ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ဧည့်ရိပ်သာခန်းမ၌ တောင်တန်း သာသနာပြုဒီးမော့ဆိုမြို့မပရဟိတကျောင်းအတွက် အရေးပေါ်စားနပ်ရိက္ခာဖိုးငွေများထောက်ပံ့ခြင်းနှင့် ကယား ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာန၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကယားပြည်နယ်လွိုင်ကော်မြို့သို့ ရောက်ရှိစဉ် ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဒီးမော့ဆိုမြို့၊ တောင်တန်းသာသနာပြုဒီမော့ဆို မြို့မပရဟိကျောင်းတွင် ရင်ခွင်မဲ့ ကလေးငယ်များ၊ ဆင်းရဲနွမ်းပါသော ကလေးငယ်များအား ကျွေးမွေးစောင့်ရှောက်ထားကြောင်း၊ သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးရှိကြောင်းနှင့် … Read more
-
အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အပြီးသတ်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ (Taunggyi Hotel) ၌ (၁-၁၁-၂၀၁၉) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည် နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်/ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ (UNDP၊ UNICEF၊ UNOCHA) နှင့် အခြားလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။ #otr #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်) (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ပြီး နောက်(၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။” သတိပေးနှိုးဆော်ချက် ~~~~~~~~~~~ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် … Read more









