ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမျက်မမြင်များအသင်းတာဝန် ရှိသူများ လာရောက်တွေ့ဆုံ

5_Pic_01

နိုဝင်ဘာ ၄၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာ‌ရောက်တွေ့ဆုံပါသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော အနာဂတ်ကို မျှော်မှန်း၍ မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ဖော်ဆောင်ပေးရန် အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရကဖွဲ့စည်းထားသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအဆင့်အဆင့်နှင့် မသန်စွမ်းအဖွဲ့အစည်းများပူးပေါင်း၍ မသန်စွမ်း သူများ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများကိုဆောင်ရွက်ပေးရန်စီမံချက်များ ရေးဆွဲဖော်ဆောင်ရန် မသန်စွမ်းအဖွဲ့အစည်းများက စည်းလုံးညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံမျက်မမြင်များအသင်းဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် မသန်စွမ်း သူများအသင်းချုပ် ဒုတိယဥက္ကဌတို့က နိုင်ငံတော်က စီမံဆောင်ရွက်ပေးစေလိုသည့်အချက်များ တင်ပြဆွေးနွေးရာတွင် လက်ရှိထူထောင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော မျက်မမြင်ကျောင်းများ၊ အဖွဲ့အစည်းများအား အသိအမှတ်ပြုသည့် လုပ်ထုံးလုပ်နည်းများတွင် ပိုမိုချောမွေ့စေရန် စီမံ ဆောင်ရွက်ပေးရေး၊ အမြင်အာရုံမသန်စွမ်းသူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေး အထောက် အကူပြုစနစ်များ ထားရှိဆောင်ရွက်ရန်၊ နိုင်ငံတော်ကရိုက်နှိပ်ထုတ်ဝေသော ငွေစက္ကူများကို အမြင်အာရုံမသန်စွမ်းသူများ လက်လှမ်းမီအသုံးပြုနိုင်သည့် ပုံသဏ္ဌန်ဖြင့် ထုတ်ဝေပေးနိုင်ရန်၊ ကျောင်းသားကျောင်းသူများ ပညာဆည်းပူးရာတွင်လည်းကောင်း၊ စာမေးပွဲဖြေဆိုရာတွင် လည်ကောင်း ပိုမိုထိရောက်လွယ်ကူစေသည့်အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန်၊ အမြင်အာရုံ မသန်စွမ်းသူများအတွက် Copy Right  သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်နှင့် အမြင်အာရုံမသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများ ရုံးပိုင်မြေနေရာရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရန်တို့ကို တင်ပြဆွေးနွေးရာ ပြည်ထောင်စု ဝန်ကြီး၊  ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက်ပေး နိုင်မည့် နည်းလမ်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_nov2019

Source: MSWRR

Sign Up

Upcoming Events