လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်းကျေးရွာအုပ်စု၊ ဖားအီကျေးရွာ၌ (၂-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးအိမ်ထောင်စု(၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်တို့ကို (၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၆:၅၀) အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_nov2019
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)