
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရှမ်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အပြီးသတ်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ (Taunggyi Hotel) ၌ (၁-၁၁-၂၀၁၉) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည် နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်/ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ (UNDP၊ UNICEF၊ UNOCHA) နှင့် အခြားလူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၆၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။
#otr
#shn_nov2019
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)