
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဆင်လမ်းကြီးကျေးရွာအုပ်စု၊ ဆင်လမ်းကြီးကျေးရွာနှင့် မဿမံ ကျေးရွာတို့၌ (၁-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့သည့်နေအိမ် (၅) လုံး၊ အိမ်ထောင် (၅) စုမှ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၃၇,၈၀ဝ) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၅၀,၀၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၈၇,၈၀ဝ) ကျပ်အား (၄-၁၁-၂၀၁၉) ရက်နေ့ (၁၃:၄၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_nov2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)