Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်တွင် မသန်စွမ်း အားကစားသမားများနှင့်တွေ့ဆုံဆွေးနွေး
နိုဝင်ဘာ ၁၂ ၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ မသန်စွမ်း သူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်ခဲ့ပါသည်။ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုဥက္ကဌက အဖွဲ့ချုပ်၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတို့နှင့် ပတ်သက်၍ ပြင်ဆင်လျက်ရှိသော အခြေအနေများ၊ ညဏ်ရည် မသန်စွမ်း အားကစားအဖွဲ့ချုပ်အသစ် ဖွဲ့စည်းထားမှု၊ (၁၀)ကြိမ်မြောက် ဖိလစ်ပိုင် အရှေ့တောင်အာရှ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာအုပ်စု၌ (၂၁-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးနှင့် အာရ်စီဘာသာရေးကျောင်းအတွက် အိမ်/ ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၂၇၇၃၀၀/-) ကျပ်အား (၁၂-၁၁-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် နန်ကျင်ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
တိုက်ပွဲရှောင်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တောင်ရင်းတန်းရပ်ကွက်နှင့် သိန်တောင်ကျေးရွာတို့သို့ (၇-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၉၁)စု၊ လူဦးရေ(၄၀၅)ဦး အတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၅၉)အိတ်၊ (၁)ပြည်၊ (၄) ဘူးတို့ကို (၉-၁၁-၂၀၁၉) ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင်အတူ ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_nov2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အရှေ့မြောက်ရပ်ကွက်၊ စေတီပြင်ကျေးရွာ၊ မိညိုထောင့်ကျေးရွာ၊ အောက်ကျောက်တောင်ကျေးရွာ၊ ကောင်းရီချောင်းကျေးရွာနှင့် မှန်ပြင်ကျေးရွာများသို့ (၆-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၂၆၄)စု၊ လူဦးရေ(၁၀၃၉)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၅၁)အိတ်၊ (၁၂)ပြည်၊ (၄) ဘူးတို့ကို (၉-၁၁-၂၀၁၉) ရက်နေ့တွင် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_nov2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဒါဏ်ရာရသူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ နမ့်တွေကျေးရွာအုပ်စု၊ နမ့်တွေကျေးရွာ အနီး၌ (၇-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုင်းနင်းဒါဏ်ရာရသူ (၁) ဦးအတွက် ဒါဏ်ရာရထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်ကို (၁၀-၁၁-၂၀၁၉) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #shn_nov2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အုန္နဲတန်းရပ်၌ (၉-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့ကို (၁၀-၁၁-၂၀၁၉) ရက်နေ့၊ (၁၅:၀၀) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_nov2019 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
မုန်တိုင်းငယ်သတင်းအမှတ်စဉ် (၃၃/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်) (မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (က) မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊ မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားခဲ့ကာ အရှေ့-အရှေ့မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားလျက်ရှိပါသည်။ (ခ) နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် (၁) မုန်တိုင်းငယ်(Depression)သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ပြီး တစ်ဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။ (ဂ) အသိပေးနှိုးဆော်ချက် … Read more
-
ကမ်းပါးပြိုဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစိစစ်မှုဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၁၀-၁၁-၂၀၁၉)ရက်နေ့တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် ကမ်းပါးပြိုဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # otr #tny_nov 2019
-
နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
နိုဝင်ဘာ၈ ၊ နေပြည်တော် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ ပြန်လည်နေရာ ချထားရေးလုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့ နေ့လည်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်၊ ပူးတွဲဥက္ကဌ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဉီးအောင်ကျော်ဇံ၊ UEHRD မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ခုံဇင်ကုန်းကျေးရွာတွင် (၆-၁၁-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ် (၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ (၂၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀ဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၅၀၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၂၀၀၄၀ဝိ/-)အား (၈-၁၁-၂၀၁၉)ရက်နေ့ (၁၄၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့ နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #ayy_Nov2019 Source: … Read more









