ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်တွင် မသန်စွမ်း အားကစားသမားများနှင့်တွေ့ဆုံဆွေးနွေး

13_Pic_01

နိုဝင်ဘာ ၁၂ ၊ ရန်ကုန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ မသန်စွမ်း သူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အားကစား အဖွဲ့ချုပ်သို့ သွားရောက်ခဲ့ပါသည်။

မသန်စွမ်း အားကစားအဖွဲ့ချုပ် ဒုဥက္ကဌက အဖွဲ့ချုပ်၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတို့နှင့် ပတ်သက်၍ ပြင်ဆင်လျက်ရှိသော အခြေအနေများ၊ ညဏ်ရည် မသန်စွမ်း အားကစားအဖွဲ့ချုပ်အသစ် ဖွဲ့စည်းထားမှု၊ (၁၀)ကြိမ်မြောက် ဖိလစ်ပိုင် အရှေ့တောင်အာရှ အာကစားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသော အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။

ဆက်လက်ပြီး မသန်စွမ်းအားကစားနည်းများ လေ့ကျင့်လျက်ရှိသော မြားပစ်၊ ပြေးခုန်ပစ်၊ ရေကူး၊ (၇)ယောက်တစ်ဖက်ဘောလုံး၊ မျက်မမြင်စစ်တုရင်၊ ဘိုစီယာ၊ ဂိုးလ်ဘော၊ ဘိုးလင်း၊ ဘီးတပ်ဘတ်စကတ်ဘော၊ ထိုင်လျက်ဘော်လီဘော၊ အလေးမ၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် အဖွဲ့ဝင်များအား အဖွဲ့လိုက်နှုတ်ဆက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအတွက် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲထားပြီး မသန်းစွမ်းသူများအတွက် အခွင့်အရေးများကိုလည်း အမျိုးသား ကော်မတီဖွဲ့စည်းကာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မသန်စွမ်းသူများ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျုဟာများ ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ မသန်စွမ်း အမျိုးအစားခွဲခြားခြင်းနှင့် အဆင့်သတ်မှတ်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ရန်ပုံငွေ ထူထောင်ကာ စီမံချက်များချမှတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလာရောက်ခြင်း သည်လည်း မြန်မာနိုင်ငံသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်၏ ဆောင်ရွက်နေမှုများကို လေ့လာပြီး လိုအပ်ချက်များကို ကူညီရန်လာရောက်ခြင်း ဖြစ်ကြောင်း၊ မိမ်တို့ဝန်ကြီးဌာန၏ ရန်ကုန်နှင့် စစ်ကိုင်း မသန်စွမ်းကျောင်းများမှ မျက်မမြင် အားကစားသမားများလည်း ပါဝင်သည်ကိုသိရှိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် မျှမျှတတ ခံစားရရှိအောင် အားလုံးပူးပေါင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပီပီ မသန်သော်လည်း အစွမ်းပြနိုင်ကြသူများဖြစ်ကြကြောင်း၊ စိတ်စွမ်းအားများကို မြင့်သည်ထက်မြင့်အောင် မြှင့်တင် ကြပြီး  အောင်မြင်ရမည်ဟူသောစိတ်ဖြင့် ရိုးသားစွာ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအတွက် အာဟာရနို့များ ထောက်ပံ့ပေးခဲ့ပြီး မသန်စွမ်းအားကစားသမားများ အာဟာရပိုမိုပြည့်ဝရေး ပံ့ပိုးကူညီနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1

#ygn_nov2019

Source:         MOSWRR

 

Sign Up

Upcoming Events