လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အရှေ့မြောက်ရပ်ကွက်၊ စေတီပြင်ကျေးရွာ၊ မိညိုထောင့်ကျေးရွာ၊ အောက်ကျောက်တောင်ကျေးရွာ၊ ကောင်းရီချောင်းကျေးရွာနှင့် မှန်ပြင်ကျေးရွာများသို့ (၆-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၂၆၄)စု၊ လူဦးရေ(၁၀၃၉)ဦးအတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၁၅၁)အိတ်၊ (၁၂)ပြည်၊ (၄) ဘူးတို့ကို (၉-၁၁-၂၀၁၉) ရက်နေ့တွင် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_nov2019
Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)