လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

12_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာအုပ်စု၌ (၂၁-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် ဘေးသင့်အိမ်ခြေ (၃) လုံးနှင့် အာရ်စီဘာသာရေးကျောင်းအတွက် အိမ်/ ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုးငွေ (၂၇၇၃၀၀/-) ကျပ်အား (၁၂-၁၁-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် နန်ကျင်ကျေးရွာအထွေထွေအုပ်ချုပ်ရေးမှူးရုံး၌  ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#kcn_nov2019

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events