တိုက်ပွဲရှောင်သူများအားထောက်ပံ့မှုသတင်း

11_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တောင်ရင်းတန်းရပ်ကွက်နှင့် သိန်တောင်ကျေးရွာတို့သို့ (၇-၁၁-၂၀၁၉) ရက်နေ့တွင် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၉၁)စု၊ လူဦးရေ(၄၀၅)ဦး အတွက် ဆန်ရိက္ခာ(၁၄)ရက်စာ ဆန်(၅၉)အိတ်၊ (၁)ပြည်၊ (၄) ဘူးတို့ကို (၉-၁၁-၂၀၁၉) ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင်အတူ ဖြန့်ခွဲထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#rke_nov2019

Source:           ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events