Category Archives: News
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉ ) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်အုပ်စု၊ သာယာကွက်သစ်တွင် ဖြစ်ပွားသော မီးဘေးသင့် တစ်စိတ်တစ်ပိုင်းလောင်ကျွမ်း အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ လောင်ကျွမ်းအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ၊ ရန်ပုံငွေ (၁၀,၅၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၀,၅၀ဝိ/-) နှင့် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့ (၁၀:၃၀ နာရီ မှ ၁၁:၃၀ နာရီအချိန်ထိ) ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာ (အ.ထ.က) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၃၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်ပြီး (၁၃:၃၀ နာရီမှ ၁၄:၃၀ နာရီအချိန်ထိ) ဖောင်းပြင်မြို့ ၊ အမှတ် (၈၇) မူလွန်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးခန့်အား … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၁၉) ရက်နေ့ တွင် မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးပြီး မီးဘေးသင့်ခဲ့သော ကျိုက်မရောမြို့နယ်၊ ကျိုက်ပရန်ကျေးရွာမှ အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၇၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀ဝ) ကျပ်၊ (၇) ရက်စာဆန်ဖိုးငွေ (၁၅၅,၄၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၁) အိမ်ထောင်စာတို့အား (၂၁-၁၁-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် … Read more
-
Multipurpose shelterတည်ဆောက်မှုလုပ်ငန်းပြီးစီးလွှဲပြောင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌားန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉ ) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ကြိမ်ချောင်းကြီးကျေးရွာတွင် ဥဒေါင်းနေ ခြည်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေသော Multipurpose shelter တည်ဆောက်မှုလုပ် ငန်းပြီးစီး၍ ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ခံများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #otr #ayy_nov2019 source:ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
(၁၀) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြား
နိုဝင်ဘာ ၂၁၊ ဗီယင်ကျန်းမြို့ (၁၀) ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့ Don Chan Palace ဟိုတယ်အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Sondy Douansdy က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော အာဆီယံလူမှုဝန်ထမ်း ဝန်ကြီး များအဆင့်အစည်းအဝေးကို ထိခိုက်လွယ်ကလေးသူငယ်များအပါအဝင် သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများအတွက် … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၁.၂၀၁၉) ရက်နေ့၊ (၁၁:၀၀) နာရီချိန်မှ (၁၂:၃၀) နာရီချိန်အထိ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးစံပြကျေးရွာအုပ်စု အထက်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၉၈) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ယင်းဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများဆွေးနွေးခြင်းနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #rke_nov2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကြာညိုကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ၊ မူလတန်းကျောင်း၌ (၂၀.၁၁.၂၀၁၉)ရက်နေ့၊ (၁၄:၀၀)နာရီချိန်မှ (၁၆:၀၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲ” ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံးရှိတာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ရာ ယင်းဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကိုဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများနှင့်ကျေးရွာသူ/သား စုစုပေါင်း(၁၅၁)ဉီး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ #ar #rke_nov2019 Source:သံတွဲခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၁၁.၂၀၁၉) ရက်နေ့၊ (၁ဝး၀၀)နာရီမှ (၁၂:၀၀) နာရီအထိ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းဖုန်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အ.လ.က(ခွဲ) (ဝင်းဖုန်း)၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ် ပိုစတာများကပ်ခြင်းတို့အား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူနှင့်ပြည်သူလူထုအင်အား စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာ၌ (၂၀.၁၁.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄၇၀ဝ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၄၇၀ဝ/-)ကျပ်တို့ကို (၂၁.၁၁.၂၁၀၉)ရက်နေ့ (၀၈:၃၀)နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖ များနှင့်အတူ ကမ်းပြို ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2019 Source: … Read more
-
ငလျင်၊ မိုးကြိုး၊ မီးနှင့် မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေးဆွေနွေးပောာပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီ အချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ဗန်းမော်မြို့နယ်၊ မူလွန်(၄)ကျောင်းတွင် ငလျင်ဘေး၊ မိုးကြိုးဘေး၊ မီးဘေးနှင့် မုန်တိုင်းဘေးဆိုင်ရာ အသိပညာပေးဆွေနွေးပောာပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူနှင့်ဆရာ၊ဆရာမစုစုပေါင်း (၂၁၀) ဦးခန့့်တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့် ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_nov2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









