
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၁၁-၂၀၁၉) ရက်နေ့ တွင် မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးပြီး မီးဘေးသင့်ခဲ့သော ကျိုက်မရောမြို့နယ်၊ ကျိုက်ပရန်ကျေးရွာမှ အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၇၄) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀ဝ) ကျပ်၊ (၇) ရက်စာဆန်ဖိုးငွေ (၁၅၅,၄၀ဝ) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁၁) အိမ်ထောင်စာတို့အား (၂၁-၁၁-၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါသည်။ ထို့ပြင် အလှူရှင်များမှ လှူဒါန်းထားသည့် UNHCR မိုးကာစ (၁၁) ခု၊ ပုဆိုး (၁၁) ကွင်း၊ ပါတိတ် (၁၁) ကွင်း၊ မဝတ်အင်္ကျီ (၁၁) ထည်၊ စောင် (၁၁) ထည်၊ YAMA ခေါက်ဆွဲခြောက် (၁၁) ထုပ်၊ ရေသန့် (၁၁) ကဒ်တို့ကိုလည်း ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_fir
#mon_nov2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)