(၁၀) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးအဆင့်အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြား

22_Pic_01

နိုဝင်ဘာ ၂၁၊ ဗီယင်ကျန်းမြို့

(၁၀) ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့ Don Chan Palace ဟိုတယ်အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင် သော  မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Sondy Douansdy က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော အာဆီယံလူမှုဝန်ထမ်း ဝန်ကြီး များအဆင့်အစည်းအဝေးကို ထိခိုက်လွယ်ကလေးသူငယ်များအပါအဝင် သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများအတွက် လူမှုကာကွယ်စောက်ရှောက်ရေးအစီအစဉ်များ သေချာစေရေး လိုအပ်သော မူဘောင်များ၊ လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းစေရေန် ဝန်ဆောင်မှုများကို မခွဲခြားဘဲ မျှမျှတတ အလွယ်တကူ လက်လှမ်းမီစေရန်နှင့် လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာတွင် ထိရောက်ပြီး ရေရှည်တည်တံ့စေရန်အတွက် ဆွေးနွေးကြမည်ဖြစ်ပြီး အထူးသဖြင့် အဆိုပါလုပ်ငန်းစဉ်များကို မိမိတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် မိတ်ဖက်နိုင်ငံ များ၏အကူအညီ ရယူနိုင်မည့်အစီအစဉ်များ ဖော်ထုတ်နိုင်ရန်အတွက် ယခုကဲ့သို့ အစည်းအဝေး များ ကျင်းပရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက် (၁၀) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး အဆင့်အစည်းအဝေးကို ဆက်လက်၍ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆွေးနွေးပြောကြားရာတွင်        မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာ ချမှတ်ပြီး ကဏ္ဍ(၈) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပဋိသနေ္ဓတည်သည်မှ သက်ကြီးရွယ်အိုထိ ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးခြင်း ကာကွယ် စောင့်ရှောက်ပေးခြင်းများကို မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MSDP နှင့် ကိုက်ညီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်သည် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်(၃၀) ပြည့်ဖြစ်ရာ ယခုနှစ် ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို နေပြည်တော်တွင်ကျင်းပခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကလေးသူငယ် (၁၀၀) ကျော်တို့၏ အသံကိုလူကြီးများကနားထောင်ခဲ့ကြပြီး ကလေးသူငယ်များ ပါ၀င်ဆောင်ရွက်ခွင့် ၏အ‌ရေးကြီးပုံကို ပြသခဲ့ကြကြောင်း၊ ယခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်ကိုပြဌာန်းနိုင်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်းရှိ ကလေးသူငယ်များ၊ အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်များ၊ မသန်စွမ်းကလေးသူငယ်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိခိုက်လွယ်အုပ်စုများတွင်ပါ၀င်သော မသန်စွမ်းသူများအတွက်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ကို ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCRPD နှင့် ကိုက်ညီ စေရန်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက်လူမှုရေးပင်စင်ကို အသက်(၈၅) နှစ်နှင့်အထက် ရှိသူများအား လစဉ်ငွေကြေးထောက်ပံ့ခြင်း၊ သက်ကြီးရွယ်အို များကို မျိုးဆက်သစ်လူငယ်များက ပူးပေါင်းကူညီပံ့ပိုးမှုဖြင့်  သက်ကြီးရွယ်အိုများ၏ စွမ်းဆောင် မှုမြင့်မားအောင် ဆောင်ရွက်ပေးနေကြောင်း၊ အာဆီယံနိုင်ငံများက မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း အခြားအာဆီယံနိုင်ငံများနည်းတူ တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သော ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်းသူများ စောင့်ရှောက်ရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက် ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုရီးယားပူးပေါင်းဆောင်ရွက် ရေးအဖွဲ့(KOICA)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၊ တရုတ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤအစည်းအ‌‌‌‌‌‌ဝေးတွင် အာဆီယံနိုင်ငံများအချင်းချင်း အတွ့အကြုံဖလှယ်ခြင်း၊ အာဆီယံ+၃ နိုင်ငံများ၏ ပူးပေါင်းကူညီမှုများ ပိုမိုဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးကြမည်ဖြစ်၍ အာဆီယံ၏ ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အာဆီယံဒေသအတွင်းရှိ ထိခိုက်လွယ် အုပ်စုများအတွက် ဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အာဆီယံဒေသတွင်းနိုင်ငံများမှ ၀န်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

Source: MSWRR

Sign Up

Upcoming Events