လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၁၉ ) ရက်နေ့တွင် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်အုပ်စု၊ သာယာကွက်သစ်တွင် ဖြစ်ပွားသော
မီးဘေးသင့် တစ်စိတ်တစ်ပိုင်းလောင်ကျွမ်း အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ လောင်ကျွမ်းအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ၊ ရန်ပုံငွေ (၁၀,၅၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၁၀,၅၀ဝိ/-) နှင့် ဒဏ်ရာရပြည်သူ (၂) ဦးအတွက် ထောက်ပံ့ရန်ပုံငွေ (၁၀၀,၀၀ဝိ/-) တို့ကို ( ၂၂-၁၁-၂၀၁၉ ) ရက်နေ့တွင် ကြံခင်းမြို့နယ် အထွေ
ထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fir
#ayy_nov2019
source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)