ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကြာညိုကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းကျေးရွာ၊ မူလတန်းကျောင်း၌ (၂၀.၁၁.၂၀၁၉)ရက်နေ့၊ (၁၄:၀၀)နာရီချိန်မှ (၁၆:၀၀)နာရီချိန်အထိ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေးဟောပြောပွဲ” ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတွဲခရိုင်ဉီးစီးမှူးရုံးရှိတာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ရာ ယင်းဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများကိုဟောပြောဆွေးနွေးသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများနှင့်ကျေးရွာသူ/သား စုစုပေါင်း(၁၅၁)ဉီး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
Source:သံတွဲခရိုင်ဉီးစီးမှူးရုံး(ဘစမ)