လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၁၉) ရက်နေ့ (၁၀:၃၀ နာရီ မှ ၁၁:၃၀ နာရီအချိန်ထိ) ဖောင်းပြင်မြို့နယ်၊ ဟဲလှော်ကျေးရွာ (အ.ထ.က) ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၃၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပါသည်။ ဆက်လက်ပြီး (၁၃:၃၀ နာရီမှ ၁၄:၃၀ နာရီအချိန်ထိ) ဖောင်းပြင်မြို့ ၊ အမှတ် (၈၇) မူလွန်ကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များနှင့် နံရံကပ်ပိုစတာများဖြန်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_nov2019
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)