Category Archives: News
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် ဘားအံမြို့နယ်၊ အ.ထ.က (မြိုင်ကလေး) စက်ရုံကျောင်း၌ ကျောင်းသား/ သူ (၃၀၀) တို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #krn_nov2019 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) နာရီမှ (၁၁:၃၀) နာရီချိန်အထိ ဇမ္မူသီရိမြို့နယ်၊ အ.ထ.က (၈) စာသင်ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြော ပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ်မည်ကဲ့သို့ပြုမူနေထိုင်ရမည်ကို ကျောင်းသား/ သူ (၃၀၀) ဦးအား အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပ ညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုရစ်ကြီး ကျေးရွာခန်းမ၌ (၂၈-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀)နာရီအချိန်အထိ ကျေးရွာသူ/သား (၁၁၀) ဦးခန့်ကို သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲ၌ သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် အ.ထ.က(နောင်မွန်)၌ ကျောင်းသား/ သူ (၄၀၀) ဦးအား နေ့လည်( ၁၃ : ၀၀ ) နာရီ မှ ( ၁၄ : ၃၀ ) နာရီအချိန်ထိ သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ သရုပ်ပြသခြင်း များအား ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #shn_nov2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့၊ (၁ဝ:၀၀)နာရီမှ (၁၂:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(အလှပ်)၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူနှင့် ပြည်သူလူထုစုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #mon_nov2019 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့၊ နံနက် (၉:၀၀) အချိန်မှ (၁၂:၀၀) နာရီအချိန်အထိ ပခုက္ကူမြို့၊ အ.ထ.က (၂) ကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၂၄၀)ဦးကို သဘာဝဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲ၌ ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များဟောပြောခြင်းနှင့် တက်ရောက်လာ သူများအား ဘေး (၈) မျိုးလက်ကမ်းစာစောင်များ၊ ဗလာစာအုပ်၊ ဘောပင်နှင့် ငလျင်ဘေးအသိပညာပေး ဗီနိုင်းပိုစတာတို့ကို ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာအုပ်စု၊ အနန်းစမ်းကျေးရွာ၊ မူလတန်းလွန်ကျောင်း၌ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာဗဟုသုတများအား ကျေးရွာနေပြည်သူများ သိရှိနိုင်စေရေးအတွက် ရည်ရွယ်၍ သဘာဝဘေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ သူများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ သဘာဝဘေးနှင့်သက်ဆိုင်သည့် ဗဟုသုတများနှင့် DAN Mobile Application သုံးစွဲပုံနည်းစနစ်များအား ရှင်းလင်းပြောကြားခဲ့ပြီး … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့၊ နေလယ် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအချိန်အထိ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသူ/သင်တန်းသားနှင့် ဆရာမ (၂၀၀) ဉီးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ သာပေါင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှဦးစီးပြီး သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ (အ.ထ.က) ကျောင်း၌ (၂၆-၁၁-၂၀၁၉) ရက်နေ့တွင် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၀၀)ခန့်ပူးပေါင်းပါဝင်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #simex_eqk #ayy_nov2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ရွှေတွင်းတူး ကျေးရွာအုပ်စု၌ (၂၃-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှုကြောင့် လုံးဝပျက်စီးအိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်ဖိုးထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၇)စုမှ လူဦးရေ (၂၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၆,၇၀ဝ/-) ကျပ်တို့ကို (၂၇-၁၁-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_nov2019 Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)









