သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

28_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၁၁-၂၀၁၉) ရက်နေ့၊ နေလယ် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီအချိန်အထိ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသူ/သင်တန်းသားနှင့် ဆရာမ (၂၀၀) ဉီးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_nov2019

Source:           ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events