လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ သာပေါင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲမှဦးစီးပြီး သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ (အ.ထ.က) ကျောင်း၌ (၂၆-၁၁-၂၀၁၉) ရက်နေ့တွင် ငလျင်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ (၃၀၀)ခန့်ပူးပေါင်းပါဝင်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#simex_eqk
#ayy_nov2019
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)